Wednesday, June 27, 2012

Hidden file တွေ ကို Command Prompt က ပြန်ဖော်ရအောင်

Hidden file တွေ Cmd ကနေ ပြန်ဖော်ကြည့်မယ်၊
တခါတလေမှာ ဗိုင်းရပ်စ် ကြောင့် Hard disk တွေ USB တွေ ထဲက file တွေ Hidden ဖြစ်နေတတ်ပါတယ်၊ hidden ဖြစ်နေတာများ Properties ထဲက ၀င်ပြီး hidden ဖြုတ် ဖြုတ်လိုက်ရင် ရတာပေါ့ လို့ ပြောလို့ရပါတယ်၊
ဗိုင်းရပ်စ်က hidden လုပ်လိုက်ရင် တော့ ဖြုတ်လို့ မရပါဘူး၊ အဲဒီအခါမှာ command prompt ကနေ လွယ်ကူစွာ ပြန်ဖော်လို့ရပါတယ်၊ ဘယ်လိုလုပ်မလဲဆိုတော့..... Run box ကို ဖွင့်ပါ၊ cmd လို့ ရိုက်ပါ၊ command prompt ပွင့်လာပါပြီ၊ cmd မှာ မိမိ ဖိုင်တွေ hidden ဖြစ်နေတဲ့ drive letter ရိုက်ပါ ပြီးရင် Enter နှိပ်ပါ။ ပြီးရင် attrib လို့ ရိုက်ပါ space ခြားပါ။ ပြီးရင် -h -s -a လို့ ရိုက်ပါ။space ခြားပါ၊ ပြီးရင် မိမိ ရှာ လို့ တဲ့ ဖိုင်နာမည် ရဲ့ အစတစ်လုံး လေး ရိုက်ပါ၊ ပြီးလျှင် Tab key ကို နှိပ်ပေးပါ၊ မိမိဖိုင်နာမည် တွေ့ရင် Enter ခေါက်လိုက်ပါ၊ အဲဒီနည်း နဲ့ဘဲ ဖိုင်တွေ အားလုံးကို ရှာပြီး hidden ဖျောက်လို့ ရပါတယ်၊ ရှင်းမရှင်းတော့ မသိဘူး။ ကျွန်တော်လည်း အခုမှ ရေးဖူးတာ။ သိပြီးရင်တော့ ကျော်သွားလိုက်ပါ၊ ပိုကောင်းတဲ့ နည်းတွေရှိရင်လည်း ဝေမျှပေးပါ၊ ကျေးဇူးတင်ပါတယ်။

နမူနာ ပုံစံလေးပေးထားပါတယ်၊ အခုမှ စလေ့လာ တဲ့ သူတွေအတွက်တော့ အသုံးဝင်မယ်ထင်ပါတယ်။

No comments:

Post a Comment