Wednesday, June 27, 2012

MSE , AVIRA UPDATE တွေ ပါ၊

MSE နှင့် AVIRA UPDATE တွေ ဒီမှာ ဒေါင်းလို့ ရပါပြီ၊

Microsoft Security Essential Anti Virus ကတော့ တော်တော် လေး အဆင်ပြေတယ် ခင်ဗျ၊ သုံးရတာလည်း အဆင်ပြေတယ်။ Microsoft ကထုတ်တာ ဆိုတော့ သူ့ ရဲ့ Window ကို တော့ တော်တော်လေး Support ပေးထားတယ်။ သုံးကြည့်လိုက်ပါဦး၊

MSE UPDATE download

AVIRA UPDATE download

Hidden file တွေ ကို Command Prompt က ပြန်ဖော်ရအောင်

Hidden file တွေ Cmd ကနေ ပြန်ဖော်ကြည့်မယ်၊
တခါတလေမှာ ဗိုင်းရပ်စ် ကြောင့် Hard disk တွေ USB တွေ ထဲက file တွေ Hidden ဖြစ်နေတတ်ပါတယ်၊ hidden ဖြစ်နေတာများ Properties ထဲက ၀င်ပြီး hidden ဖြုတ် ဖြုတ်လိုက်ရင် ရတာပေါ့ လို့ ပြောလို့ရပါတယ်၊
ဗိုင်းရပ်စ်က hidden လုပ်လိုက်ရင် တော့ ဖြုတ်လို့ မရပါဘူး၊ အဲဒီအခါမှာ command prompt ကနေ လွယ်ကူစွာ ပြန်ဖော်လို့ရပါတယ်၊ ဘယ်လိုလုပ်မလဲဆိုတော့..... Run box ကို ဖွင့်ပါ၊ cmd လို့ ရိုက်ပါ၊ command prompt ပွင့်လာပါပြီ၊ cmd မှာ မိမိ ဖိုင်တွေ hidden ဖြစ်နေတဲ့ drive letter ရိုက်ပါ ပြီးရင် Enter နှိပ်ပါ။ ပြီးရင် attrib လို့ ရိုက်ပါ space ခြားပါ။ ပြီးရင် -h -s -a လို့ ရိုက်ပါ။space ခြားပါ၊ ပြီးရင် မိမိ ရှာ လို့ တဲ့ ဖိုင်နာမည် ရဲ့ အစတစ်လုံး လေး ရိုက်ပါ၊ ပြီးလျှင် Tab key ကို နှိပ်ပေးပါ၊ မိမိဖိုင်နာမည် တွေ့ရင် Enter ခေါက်လိုက်ပါ၊ အဲဒီနည်း နဲ့ဘဲ ဖိုင်တွေ အားလုံးကို ရှာပြီး hidden ဖျောက်လို့ ရပါတယ်၊ ရှင်းမရှင်းတော့ မသိဘူး။ ကျွန်တော်လည်း အခုမှ ရေးဖူးတာ။ သိပြီးရင်တော့ ကျော်သွားလိုက်ပါ၊ ပိုကောင်းတဲ့ နည်းတွေရှိရင်လည်း ဝေမျှပေးပါ၊ ကျေးဇူးတင်ပါတယ်။

နမူနာ ပုံစံလေးပေးထားပါတယ်၊ အခုမှ စလေ့လာ တဲ့ သူတွေအတွက်တော့ အသုံးဝင်မယ်ထင်ပါတယ်။

Tuesday, June 26, 2012

Crack , Serial key, Keygen, Keymaker တွေ လိုတဲ့အခါ၊

Software တွေတင်တဲ့အခါမှာ လိုအပ်တဲ့ Crack, Serial key, Keygen, Keymaker and Patch တွေ အခက်အခဲ ဖြစ်နေရင် အောက်က လင့်လေး က နေ ယူလို့ရပါတယ်။ တော်တော်လေး တော့စုံတယ်ဗျ၊

ဒီလင့်လေးကို Click ပါ

ကျော်မယ် ခွမယ်

Access denied ဆိုဒ်တွေကို ကျော်ဝင်ကြရအောင်
တခါတလေ website တွေ ဖွင့်တဲ့ အခါမှာ ၀င်မရဘဲ Access denied ဖြစ်နေတာ တွေ့ရပါတယ်၊ အဲဒါဆိုရင် အောက်က ပေးထားတဲ့ လင့်လေးမှာ သွားဒေါင်းလိုက်ပါ၊ Ph proxy လို့ခေါ်ပါတယ်၊ ဒေါင်းပြီးရင် မိမိ ရဲ့ Mozilla address bar မှာ P ပုံလေးပေါ်လာပါတယ်၊ အဲဒါလေးကို Access denied ဆိုဒ်တွေနဲ့ ကြုံတဲ့ အခါမှာ နှိပ်လိုက်ပါ၊ မိမိ ဖွင့်ချင်တဲ့ ဆိုဒ်ထဲကို ရောက်သွားအောင် ကျော်ပေးပါလိမ့်မယ်၊ သိပြီးတဲ့သူတွေအတွက် တော့ အသေးအဖွဲပေါ့ဗျာ၊ မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်၊ အဆင်ပြေကြပါစေ

ဒီမှာ down ပါ
 



Monday, June 25, 2012

Bluetooth (သွားပြာကြီး)

Bluetooth ဆိုတာ ဘာလဲသိလား။ သိတာပေါ့.. blue ဆိုတာ အပြာ tooth ဆိုတာ သွား ပေါင်းလိုက်တော့ သွားပြာ ပေါ့...ဟုတ်တယ်မလား.....ကဲ စမယ်.... Bluetooth ဆိုတာ (PANs) လို့ခေါ်တဲ့ personal area network ထဲမှာ အသုံးပြုတဲ့ ပါဝါအသုံးပြုမှု့ အလွန်သက်သာတဲ့ short range အကွာအဝေးမှာ အသုံးပြုတဲ့ wireless နည်းပညာတစ်ခုဖြစ်ပါတယ်။ Bluetooth ကိုတစ်ကယ်သုံးရင် မိုက်တယ်ဗျ....ကျွန်တော်တို့ သုံးတဲ့ phone၊ laptop၊ Digital camera တွေ မှာ ကြိုးတွေမလိုတော့ဘူးလေ၊ ဘာလို့ Bluetooth လို့ ခေါ်ရတာလဲဆိုတော့ Bluetooth ကို စတင် developed ဖြစ်အောင် လုပ်ခဲ့တာကတော့ Swedish Telecom ကဗျ၊ သူတို့ရဲ့ ဘုရင် ကြီး King Harold Bluetooth ရဲ့ နာမည်ကို ယူပြီး အခုကျွန်တော်တို့ သုံးနေတဲ့ short range wireless စနစ်လေးကို Bluetooth လို့ နာမည်ပေးလိုက်ပါတယ်ခင်ဗျာ၊ အလကားနေရင်းနဲ့ တော့ ဘုရင်ကြီး နာမည်ကို ယူထားတာတော့ မဟုတ်ဘူးဗျ၊ အဲဒီ ဘုရင်ကြီးက ဆွီဒင်၊ နော်ဝေး၊ ဒိန်းမတ် စတဲ့ မတူညီ တဲ့ သုံးနိုင်ငံက ပြည်သူတွေကို စစ်ပွဲဆင်ပြီးတော့ ပေါင်းစည်းပေးနိုင်ခဲ့တယ်။ အဲဒီလိုပဲလေ....ကျွန်တော်တို့ သုံးနေတဲ့ မတူညီတဲ့ phone တွေ computer တွေ အဲဒီ ပစ္စည်းတွေ ကို Blueetooth နည်းပညာလေးသုံးပြီး paired လုပ်ပြီး သုံးလို့ ရနေပြီလေ ဟုတ်တယ်မလား၊ ကျွန်တော်လည်း သိလို့ မဟုတ်ဘူးဗျ၊ ကိုဇော်လင်းစာအုပ် ထဲက ဖတ်ဖူးတာလေး ကို ပြန်ပြီး ဝေမျှလိုက်တာပါ၊ ဒီ ဘလော့လေး ကို ကွန်ပြူတာ အကြောင်းလေးတွေပြောချင်လို့ လုပ်ထားတာပါ၊