Monday, June 25, 2012

Bluetooth (သွားပြာကြီး)

Bluetooth ဆိုတာ ဘာလဲသိလား။ သိတာပေါ့.. blue ဆိုတာ အပြာ tooth ဆိုတာ သွား ပေါင်းလိုက်တော့ သွားပြာ ပေါ့...ဟုတ်တယ်မလား.....ကဲ စမယ်.... Bluetooth ဆိုတာ (PANs) လို့ခေါ်တဲ့ personal area network ထဲမှာ အသုံးပြုတဲ့ ပါဝါအသုံးပြုမှု့ အလွန်သက်သာတဲ့ short range အကွာအဝေးမှာ အသုံးပြုတဲ့ wireless နည်းပညာတစ်ခုဖြစ်ပါတယ်။ Bluetooth ကိုတစ်ကယ်သုံးရင် မိုက်တယ်ဗျ....ကျွန်တော်တို့ သုံးတဲ့ phone၊ laptop၊ Digital camera တွေ မှာ ကြိုးတွေမလိုတော့ဘူးလေ၊ ဘာလို့ Bluetooth လို့ ခေါ်ရတာလဲဆိုတော့ Bluetooth ကို စတင် developed ဖြစ်အောင် လုပ်ခဲ့တာကတော့ Swedish Telecom ကဗျ၊ သူတို့ရဲ့ ဘုရင် ကြီး King Harold Bluetooth ရဲ့ နာမည်ကို ယူပြီး အခုကျွန်တော်တို့ သုံးနေတဲ့ short range wireless စနစ်လေးကို Bluetooth လို့ နာမည်ပေးလိုက်ပါတယ်ခင်ဗျာ၊ အလကားနေရင်းနဲ့ တော့ ဘုရင်ကြီး နာမည်ကို ယူထားတာတော့ မဟုတ်ဘူးဗျ၊ အဲဒီ ဘုရင်ကြီးက ဆွီဒင်၊ နော်ဝေး၊ ဒိန်းမတ် စတဲ့ မတူညီ တဲ့ သုံးနိုင်ငံက ပြည်သူတွေကို စစ်ပွဲဆင်ပြီးတော့ ပေါင်းစည်းပေးနိုင်ခဲ့တယ်။ အဲဒီလိုပဲလေ....ကျွန်တော်တို့ သုံးနေတဲ့ မတူညီတဲ့ phone တွေ computer တွေ အဲဒီ ပစ္စည်းတွေ ကို Blueetooth နည်းပညာလေးသုံးပြီး paired လုပ်ပြီး သုံးလို့ ရနေပြီလေ ဟုတ်တယ်မလား၊ ကျွန်တော်လည်း သိလို့ မဟုတ်ဘူးဗျ၊ ကိုဇော်လင်းစာအုပ် ထဲက ဖတ်ဖူးတာလေး ကို ပြန်ပြီး ဝေမျှလိုက်တာပါ၊ ဒီ ဘလော့လေး ကို ကွန်ပြူတာ အကြောင်းလေးတွေပြောချင်လို့ လုပ်ထားတာပါ၊

No comments:

Post a Comment