Saturday, November 2, 2013

Windows Loader အလန်းလေး လာပြီဗျာ

Windows activated မဖြစ်သေးသူတွေ၊ တခြား loader တွေ နဲ့ အဆင်မပြေတဲ့သူတွေ အတွက်ပါ။ သူက Windows start up မှာတော့ သီးခြား Windows Loader view နဲ့ တက်သွားတာပါ။ အကိုကြီးကိုတင့် အတွက် လုပ်ပေးလိုက်ပြီနော်။
Loader activated လုပ်ပြီးသွားရင်တော့ My computer ကို right click လုပ်။Properties ၊  Advaced system setting ထဲကိုဝင် ပြီးရင် Start up and recovery က setting ထဲကို သွား၊

System start up မှာ windows 7 နေရာ မှာ windows loader xe ကိုရွေးပေးပါ။ Time to display တော့ ထားမနေနဲ့ဗျာ။ 0 seconds ထားလိုက်ရင် အိုကေပြီ။
ဒီမှာဒေါင်းပါ

Sunday, July 29, 2012

For Android

Packet data ကိုယ်တိုင်ဖွင့်ကြည့်ရအောင်


Android ဖုန်းတွေအတွက်ပါ

1. Setting ထဲကို ၀င်ပါ။
2. wireless and network ကို ၀င်ပါ။
3. mobile network ကိုဝင်ပါ။
4. Access Point name ကို ရွေးပါ။ ဘယ်ဘက်ထောင့်က Menu ကို နှိပ်ပါ။
5. Name နေရာတွင် မိမိကြိုက်ရာ ထည့်နိုင်ပါတယ်။
7. Access Point name နေရာတွင် mptnet လို့ ရိုက်ထည့်ပါ။ (For GSM)
8. CDMA 800 ဖုန်းတွေကတော့ #777 လို့ ရိုက်ပါ။ username နေရာတွင် @c800.mm
ရိုက်ထည့်ပေးပါ။ တချို့ CDMA ဖုန်းများတွင် Authentication Type choice တွင်
PAP (or) CHAP ကိုရွေးပေးပါ။
9. APN Type တွင် Internet ကိုရွေးပေးပါ။ တချို့ ဖုန်းများတွင် APN Protocool တွင်
IPv4 ရွေးပေးပါ။
10. အားလုံး ပြီးလျှင် Menu ကို နှိပ်ပြီး Save လုပ်ပေးပါ။ ပြီးလျှင် mobile network setting
ပြီး check (အမှန်ခြစ်) လုပ်ပြီး on ပေးပါ။ မိမိ ဖုန်းရဲ့ အင်တာနတ် browser ကို ဖွင့်ပါ။
E - 3G - H ဟုတ်တစ်ခုခု ပေါ်လာလျှင် အင်တာနတ် သုံးလို့ ရပါပြီ။ နောက်နေ့တွေ မှာ
အင်တာနတ် သုံးဖို့အတွက် Application တွေတင်ပေးပါမယ်။ မြန်မာဖောင့် မရှိလို့ ဆိုင်သွား
ထည့်လျှင် ပိုက်ဆံမကုန်ဖို့ အတွက်လည်း ဖောင့်ထည့်နည်း၊ ဆောဖ်ဝဲတွေ ပါ ရေးလည်းရေး
တင်လည်းတင်ပေးပါ ဦးမယ်။ စောင့်ဖတ်ကြပါဦ။ စာရေးဝါသနာ ပါလို့သာ ရေးနေတာ၊
သိပ်တော့ မရေးတတ်သေးဘူး....အားလုံး ကျေးဇူးပါ၊ ဖတ်ပေးတဲ့အတွက်။

အောင်ရဲဇော်

Wednesday, July 11, 2012

MSE for window xp sp2

Microsoft Security Essential antivirus သုံးတဲ့ သူတွေ ကြုံရတာကတော့။ window xp service pack2 မှာ MSE တင်လို့ မရတာပါ၊ အခု upload တင်ပေးလိုက်တဲ့ ဆော့ဝဲလေးကတော့ အဲဒီ ၀င်းဒိုးတွေ အတွက်ပါ၊ ဒေါင်းလိုက်ကြပါဦး၊ ကျွန်တော် လည်း connection အရမ်းနှေးနေတော့ ဘာမှ ကိုတင်ပေးလို့ မရဘူးဖြစ်နေတယ်....မြန်မာပြည်မှာ နေရတာ ဘယ်တော့များမှ အင်တာနက်ကို မြန်မြန်လေး သုံးရမလဲမသိဘူး၊

ဒီမှာဒေါင်းပါ။

Wednesday, June 27, 2012

MSE , AVIRA UPDATE တွေ ပါ၊

MSE နှင့် AVIRA UPDATE တွေ ဒီမှာ ဒေါင်းလို့ ရပါပြီ၊

Microsoft Security Essential Anti Virus ကတော့ တော်တော် လေး အဆင်ပြေတယ် ခင်ဗျ၊ သုံးရတာလည်း အဆင်ပြေတယ်။ Microsoft ကထုတ်တာ ဆိုတော့ သူ့ ရဲ့ Window ကို တော့ တော်တော်လေး Support ပေးထားတယ်။ သုံးကြည့်လိုက်ပါဦး၊

MSE UPDATE download

AVIRA UPDATE download

Hidden file တွေ ကို Command Prompt က ပြန်ဖော်ရအောင်

Hidden file တွေ Cmd ကနေ ပြန်ဖော်ကြည့်မယ်၊
တခါတလေမှာ ဗိုင်းရပ်စ် ကြောင့် Hard disk တွေ USB တွေ ထဲက file တွေ Hidden ဖြစ်နေတတ်ပါတယ်၊ hidden ဖြစ်နေတာများ Properties ထဲက ၀င်ပြီး hidden ဖြုတ် ဖြုတ်လိုက်ရင် ရတာပေါ့ လို့ ပြောလို့ရပါတယ်၊
ဗိုင်းရပ်စ်က hidden လုပ်လိုက်ရင် တော့ ဖြုတ်လို့ မရပါဘူး၊ အဲဒီအခါမှာ command prompt ကနေ လွယ်ကူစွာ ပြန်ဖော်လို့ရပါတယ်၊ ဘယ်လိုလုပ်မလဲဆိုတော့..... Run box ကို ဖွင့်ပါ၊ cmd လို့ ရိုက်ပါ၊ command prompt ပွင့်လာပါပြီ၊ cmd မှာ မိမိ ဖိုင်တွေ hidden ဖြစ်နေတဲ့ drive letter ရိုက်ပါ ပြီးရင် Enter နှိပ်ပါ။ ပြီးရင် attrib လို့ ရိုက်ပါ space ခြားပါ။ ပြီးရင် -h -s -a လို့ ရိုက်ပါ။space ခြားပါ၊ ပြီးရင် မိမိ ရှာ လို့ တဲ့ ဖိုင်နာမည် ရဲ့ အစတစ်လုံး လေး ရိုက်ပါ၊ ပြီးလျှင် Tab key ကို နှိပ်ပေးပါ၊ မိမိဖိုင်နာမည် တွေ့ရင် Enter ခေါက်လိုက်ပါ၊ အဲဒီနည်း နဲ့ဘဲ ဖိုင်တွေ အားလုံးကို ရှာပြီး hidden ဖျောက်လို့ ရပါတယ်၊ ရှင်းမရှင်းတော့ မသိဘူး။ ကျွန်တော်လည်း အခုမှ ရေးဖူးတာ။ သိပြီးရင်တော့ ကျော်သွားလိုက်ပါ၊ ပိုကောင်းတဲ့ နည်းတွေရှိရင်လည်း ဝေမျှပေးပါ၊ ကျေးဇူးတင်ပါတယ်။

နမူနာ ပုံစံလေးပေးထားပါတယ်၊ အခုမှ စလေ့လာ တဲ့ သူတွေအတွက်တော့ အသုံးဝင်မယ်ထင်ပါတယ်။

Tuesday, June 26, 2012

Crack , Serial key, Keygen, Keymaker တွေ လိုတဲ့အခါ၊

Software တွေတင်တဲ့အခါမှာ လိုအပ်တဲ့ Crack, Serial key, Keygen, Keymaker and Patch တွေ အခက်အခဲ ဖြစ်နေရင် အောက်က လင့်လေး က နေ ယူလို့ရပါတယ်။ တော်တော်လေး တော့စုံတယ်ဗျ၊

ဒီလင့်လေးကို Click ပါ

ကျော်မယ် ခွမယ်

Access denied ဆိုဒ်တွေကို ကျော်ဝင်ကြရအောင်
တခါတလေ website တွေ ဖွင့်တဲ့ အခါမှာ ၀င်မရဘဲ Access denied ဖြစ်နေတာ တွေ့ရပါတယ်၊ အဲဒါဆိုရင် အောက်က ပေးထားတဲ့ လင့်လေးမှာ သွားဒေါင်းလိုက်ပါ၊ Ph proxy လို့ခေါ်ပါတယ်၊ ဒေါင်းပြီးရင် မိမိ ရဲ့ Mozilla address bar မှာ P ပုံလေးပေါ်လာပါတယ်၊ အဲဒါလေးကို Access denied ဆိုဒ်တွေနဲ့ ကြုံတဲ့ အခါမှာ နှိပ်လိုက်ပါ၊ မိမိ ဖွင့်ချင်တဲ့ ဆိုဒ်ထဲကို ရောက်သွားအောင် ကျော်ပေးပါလိမ့်မယ်၊ သိပြီးတဲ့သူတွေအတွက် တော့ အသေးအဖွဲပေါ့ဗျာ၊ မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်၊ အဆင်ပြေကြပါစေ

ဒီမှာ down ပါ